Android ဖုန်း root လုပ်နည်းများ / မိုဘိုင်းဖုန်းဆိုင်ရာ Tutorials | By naung2soe4750 Sony Xperia အမျိုးအစားဖုန်းတွေကိုUnlock Bootloader အလွယ်ဆုံးလုပ်မယ်

အခုနောက်ပိုင်းထွက်ရှိလာတဲ့ sony xperia ဖုန်းတွေ(Sony Xperia [on ICS ]Sola Acro,P,S,U,GO,Play,Arc,Arc S,Neo V,Pro,Ray etc.. )ကို Root လုပ်ဖို့အတွက်က Unlock Bootloader လိုတာများပါတယ် အဲဒါကြောင့် Unlock Bootloader အလွယ်ကူဆုံးလုပ်လို့ရအောင် မျှဝေလိုက်ပါတယ်ခင်ဗျ။ :)

ပထမဦးဆုံးအဆင့်အနေနဲ့ Unlock Code တောင်းဖို့အတွက် ဒီ LINK  ထဲကိုဝင်လိုက်ပါ
အဆင့်ဆင့်သွားပြီး Unlock codeတောင်းလိုက်ပါ
မိမိထည့်သွင်းထားတဲ့ မေးလ်ထဲကို Unlock code ပို့လာပါလိမ့်မယ်
OK အဲဒါဆိုစလို့ရပါပြီ…လွယ်ပါတယ် ခိစ်ခိစ်
ကဲစမယ် ရယ်ဒီ ၀မ်း တူး ဂိုး :D
အဆင့်(1) PC မှာ Flash tool ကိုဖွင့်လိုက်ပါ ဖုန်းကို ချိတ်လိုက်ပါ….ပြီးရင် flash tool အပေါ်မှာရှိတဲ့ Plugins ကိုနှိပ်လိုက်ပါ Bootloader Unlock >RUN
ပုံမှာပြထားသည့်အတိုင်း လုပ်လိုက်ပါ

အဆင့်(2) ဖုန်းကိုပိတ်လိုက်ပါ Back Key (or) Volume Down Key ကိုနှိပ်ထားပေးပြီး USB ကြိုးထိုးဖို့ပြောပါလိမ့်မယ်
အဆင့်(3) ထိုးလိုက်ပါ.. USB ကြိုး :D
Flash Tool မှာ 100% ပြည့်သွားပြီဆိုရင်တော့…နောက်ထပ်Box လေးတခုတက်လာပါလိမ့်မယ်
ဒီပုံအတိုင်းပါ

Fastboot Mode ၀င်ဖို့ပါ…
အဆင့်(4) ဖုန်းကိုကြိုးတပ်ထားတာကနေဖြုတ်လိုက်ပါ……Volume Up key ကိုနှိပ်ပြီး USB ကြိုးထိုးလိုက်ပါ
ဒီပုံလေးအတိုင်း Box တခုတက်လာပါလိမ့်မယ်

Box ထဲမှာ မိမိဖုန်းရဲ့ IMEI ကိုတခါတည်းဖြည့်ပြီးသားတွေ့ရပါလိမ့်မယ်…
အောက်က Unlock Code နေရာမှာတော့  မေးလ်ကနေပြန်ပို့ထားတဲ့ unlock code ကို ရိုက်ထည့်လိုက်ပါ
ပြီးရင် Unlock ကိုနှိပ်လိုက်ပါ..

ဒီပုံလေးအတိုင်း Finished လို့ပေါ်လာရင် Bootloader Unlock လုပ်ခြင်းပြီးဆုံးသွားပါ၏  :D
တကယ်လို့ အဆင့်(3) မှာပြထားသည့်အတိုင်း Box လေးတက်မလာဘူးဆိုရင်တော့  အဆင့်(1) ကနေပြန်လုပ်ပါခင်ဗျာ…

အားလုံးပဲအဆင်ပြေကြပါစေ…
နောင်နောင်