ဟုတ်ကဲ့ မြင်တဲ့ ကြားတဲ့အတိုင်းပဲ HTC One M7 ကို Root လုပ်လို့ရနေပါပြီ။ တစ်ကယ်လို့သင်ဟာ HTC One M7 ကိုပိုင်ဆိုင်ထားတယ်ဆိုရင် သင့်အတွက် သတင်းကောင်းပေါ့။ကဲ HTC One M7 ကို Root လုပ်နည်း ကိုကြည့်ရအောင်။
ဒီPost လေးကိုသဘောကျလို့ ကျွန်တော့်ဆိုဒ်ရဲ့ Post Admin ကြီး ကိုအောင်ကျော်မိုး ဆီကနေသဘောကျ
လို့မူရင်းအတိုင်းဘဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
Credit to - Blogger A.K.M
HTC One M7 ကို Root လုပ်ရန်အတွက် လိုအပ်ချက်များ
သင့်ရဲ့ HTC One M7 ကို Unlock လုပ်ထားရပါမယ်။ HTCDev.com မှာသွားလုပ်နိုင်ပါတယ်။
Fastboot and Driver Download > http://d-h.st/RvD
Recovery Image Download > http://forum.xda-developers.com/showthread.php?t=2172979
Superuser Zip File > http://download.clockworkmod.com/superuser/superuser.zip
HTC One M7 ကို Root လုပ်နည်း
ပထမဦးဆုံး Fastboot package ကို Download လုပ်ပြီး Folder တစ်ခုထဲကို Extract လုပ်ထားပါ။
သင်ကြိုက်တဲ့ Recovery image ကို Download လုပ်ပါ။ပြီးရင် ‘recovery.img’ လို့နာမည် ပေးပြီး Fastboot package.exe ရှိတဲ့ထဲ ကို Copy Paste လုပ်ပေးထားပါ။
SuperUser zip file ကို Download လုပ်ပြီး Phone ရဲ့ SD Card ထဲကို Copy ကူးပြီးထည့်ပေးထားပါ။
Phone ကို Power ပိတ်လိုက်ပါ။ပြီးရင် Power button နဲ့ Volume Down key ကိုတစ်ချိန်ထဲမှာ နှိပ်ပြီး ‘Fastboot’ ဆိုတဲ့ Option ကို Power Button ကိုနှိပ်ပြီး ရွေးပေးပါ။
‘Fastboot’ mode ထဲကို ရောက်ပြီ ဆိုတာနဲ့ အခုန Fastboot package.exe ရှိတဲ့နေရာ ကို သွားပါ။ ပြီးရင် Shift ကိုဖိထားပြီး Right Click ကိုနှိပ်ပါ။ပေါ်လာတဲ့ Menu ထဲက 'Open command windows here' ကိုရွေးပြီး အောက်မှာ ပေးထားတဲ့ Command ကို Copy လုပ်ပြီး CMD ထဲကို paste လုပ်ပေးပါ။
fastboot boot recovery.img
သင့်ရဲ့ phone က custom recovery ထဲကို Boot ၀င်သွားပါလိမ့်မယ်။ SuperUser package ကို Install လုပ်ဖို့အတွက် ‘install zip from sdcard’ ကိုရွေးပြီး Install လုပ်နိုင်ပါတယ်။
Install လုပ်လို့ပြီးသွားတာ နဲ့ Device ကို Reboot လုပ်ပေးပါ။Boot ပြန်တာလို့ချင်ရင် SuperUser app ကို လိုက်ရှာကြည့် ပါ။တွေ့ရင် သင့်ရဲ့ HTC One M7 ကို Root လုပ်လို့ပြီးသွားပါပြီ။ဒါမမဟုတ် Root checker ကိုအသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ဒါပဲ!!!
အားလုံးအဆင်ပြေကြပါစေ။
http://www.myanmarmobileforum.com