U8818 ကို ICS ကနေ 2.3.6 (gb) ကိုပြန်ဆင်းချင်တဲ့ အကိုများအတွက်

Huawei U8818 ကို ICS 4.0.3 ကနေ B890, B892 ကို ပြန်နှိမ့်ချင်ရင် အောက်ကဟာလေးကို ဒေါင်းလိုက်ပါခင်ဗျာ ပြုလုပ်ပုံအဆင့်ဆင့်ကတော့ ဒီလိုပါ...
...
အဲဒီ Folder ထဲမှာပါတဲ့ apk လေးကို install လုပ်လိုက်ပါ ပြီးရင် Run လိုက်ပါ အဲဒီမှာ IMEI Backup ဆိုတာပါပါတယ် အဲဒါလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ သူကလဲ ခဏစောင့်ဖို့ပြောပါလိမ့်မယ် ပြီးသွားရင်တော့ File Manager ကနေ SD Card ကို ဖွင့်ကြည့်လိုက်ပါ အဲဒီထဲမှာ 5irom ဆိုတဲ့ Folder အ၀ါလေးကိုတွေ့မှာပါ အဲဒါလေးကို သေသေချာချာ ဂရုတစိုက် သိမ်းထားပါ ဒါမှမဟုတ်ရင်လဲ နာမည်ပြောင်းထားလိုက်ပါ IMEI Backup လို့ပေါ့ ပြီးရင်တော့ အခုဒေါင်းထားတဲ့ထဲကိုဆက်ဖွင့်ကြည့်ရင် g300-downgrade ဆိုတဲ့အထဲမှာ 5irom ဆိုတာလေးတစ်ခုပါသေးတယ်လေ အဲဒါလေးကို SD card ထဲ ထည့်လိုက်ပါ...တစ်ခုရှိတယ်နော် အရင် backup လုပ်ထားတဲ့ 5irom ကိုတော့ သေသေချာ နာမည်ပြောင်းချင်ရင်ပြောင်း မပြောင်းချင်ရင်လဲ ကွန်ပျူတာထဲမှာ သေသေချာချ
ာသိမ်းထားနော် အရေးကြီးတယ်.... ပြီးမှ အဲဒါကိုဆက်ပြောပြမယ်.... ဗျ .. g300-downgrade ဆိုတဲ့အထဲမှာ 5irom ဆိုတာလေးကို ကဒ်ထဲထည့်ပြီးရင် ခုနကတင်ထားတဲ့ tool5irom ဆိုတာကို ပြန်ဖွင့်ပြီး restore imei ကို ကလစ်ပါ ခုနကလိုပဲခဏစောင့်ရပါမယ်... ပြီးသွားရင် ဖုန်းကို restart ဖုန်းပြန်ပွင့်လာရင် ဖုန်းက Dial Pad မှာ *#06# ကိုခေါ်ကြည့်ပါ အဲဒါက ဖုန်းရဲ့ IMEI ကို ကြည့်တဲ့ ကုဒ်ပါ... IMEI မှာ 0(သုည) ဖြစ်နေပီဆိုရင် လူကြီးမင်းတို့ကြိုက်တဲ့ B890,B892 တစ်ခုခုကို restore လုပ်ကြည့်ပါ လုပ်တဲ့နည်းကိုတော့ SD card ထဲမှာ dload ဆိုတဲ့ Folder ကိုထည့်ပြီး Volumn + , Volumn - နဲ့ Power တို့ကို ငါးစက္ကန့် ခြောက်စက္ကန့်လောက်နှိပ်လိုက်ရင် restore လုပ်ပါလိမ့်မယ်.. Unpacking ဆိုပြီး စအလုပ်လုပ်ပါလိမ့်မယ်... ကဲ Firmware တင်ပြီး၇င်တော့ root လုပ်ပါ အဲဒီအဆင့်ပြီးရင် ခုနက apk လေးကိုပြန်တင်ပါ SD Card ထဲကိုနောက်ထည့်တဲ့ 5irom ဆိုတာကိုဖျက်ပြီး.. စောစောက အမည်ပြောင်းထားတဲ့ ဒါမှမဟုတ် တစ်ခြားတစ်နေရာကို ရွှေ့ထားတဲ့ 5irom ဖိုဒါကို SD card ထဲပြန်ထည့်ပြီး IMEI Restore လုပ်ပါ ပြီးရင် ဖုန်းကို restart လုပ်ပြီး *#06# ပြန်ခေါ်ကြည့်ပါ. IMEI ပြန်ရောက်လာတာတွေ့ရပါလိမ့်မယ်...

ကျွန်တော်တို့စောစောကလုပ်တဲ့ IMEI Backup ထဲမှာ ကျွန်တော့်တို့ရဲ့IMEI ကုဒ်ကပါသွားတာမို့လို့ သေသေချာချာသိမ်းခိုင်းရခြင်းဖြစ်ပါတယ် အားလုံး အဆင်ပြေကြပါစေဗျာ...
 
G300(U8818)_Downgrade.zip

ref:MMF