Cbox ထဲမှာ sanmin တောင်းထားလို့ နည်း(၂)နည်း တင်ပေးလိုက်ပါတယ်.. ကျွန်တော် ပရင်တာနဲ့ပတ်သက်လို့ သိပ်မသိဘူးဆိုတာ ကြိုတင်ဝန်ခံပါစေ.. ကျန်တာလည်း နည်းနည်းပါပဲဗျာ.. အများကြီးသိတယ်ရယ်လို့မဟုတ်ပါဘူး.. အခု ပေးတဲ့ နည်း(၂)နည်းထဲက ပထမနည်းက ကျွန်တော် လုပ်ဖူးတယ်ဗျ.. အဆင်ပြေပါတယ်.. ဒုတိယနည်းက မလုပ်ဖူးဘူး..
ဒီနည်း(၂)ခုစလုံးက ပရင်တာ မီးနီနှစ်လုံးလင်းတဲ့ ပြဿနာကို ဖြေရှင်းတဲ့နည်းပါ.. မီးနီနှစ်လုံးလင်းတဲ့ပြဿနာမှာ (၂)မျိုးရှိသတဲ့.. ဖြည်းဖြည်းချင်းလင်းရင် Absorber (သို့ ) မင်ခံပြည့်သွားတာလို့သိရပါတယ်.. ကျန်တာကတော့ အမျိုးမျိုးပေါ့ဗျာ.. စာရွက်ညပ်တာ၊ Head Sensor ပျက်တာ တို့ဘာတို့ပေါ့.. သိပ်လည်း မသိပါဘူး.... ကို sanmin ရဲ့ error နဲ့များ တူမလားပဲ..
ဒီလိုလေ..
ပထမနည်း...
ဒီနည်းအတွက်လိုအပ်တဲ့ ဆော့ဝဲကို အောက်ကလင့်တစ်ခုခုမှာ အရင်ဒေါင်းလိုက်ပါ..
Download or Download or Download
1. Epson R230 ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ပါဝါဖွင့်ထားပါ
2. ဒေါင်းလို့ရလာတဲ့ sscserve.exe ကို Install လုပ်ပါ.. အဲ .. ပရင်တာရဲ့ Driver တော့ရှိတယ်မဟုတ်လားဗျာ... Install ကော လုပ်ထားရဲ့လား..
3. အခု sscserve ကို Run လိုက်ပါ..
4. ပေါ်လာတဲ့ ဘောက်ထဲက Configuration Tab ကိုနှိပ်ပြီး Printer Model ဆိုတဲ့ Option ထဲမှာ Epson Stylus Photo R220/R230 ကိုရွေးလိုက်ပါ..
5. ညာဘက်အောက်နားမှာ ပရင်တာပုံလေးကို Right Click ထောက်ပြီး Protection counter ထဲက Reset Protection Counter ကိုရွေးလိုက်ပါ.. ခဏစောင့်အုံးပေါ့...
6. ပြီးရင်တော့ ပရင်တာရဲ့ ပါဝါကို ပိတ်လိုက်ပြီး ၁၀ စက္ကန့်စောင့်ရပါမယ်..
7. အခု ပရင်တာရဲ့ ပါဝါကို ပြန်ဖွင့်လိုက်ပါ.. အဆင်ပြေတယ်မဟုတ်လား..
ဒုတိယနည်း
ဒီနည်းအတွက် အောက်က လင့်(၃)ခုမှ တစ်ခုခုကနေ ဆော့ဝဲကို ဒေါင်းလိုက်ပါအုံး
Download or Download or Download
ဒေါင်းပြီးရင်တော့..
1.ရလာတဲ့ Photo R220/230 ဆိုတဲ့ ဖိုင်ကို Run လိုက်ပါ.. ( မ Run ခင် ပရင်တာကို ကွန်ပျူတာမှာ ချိတ်ပြီး ပါဝါဖွင့်ထားဖို့မမေ့နဲ့အုံးနှော်)
2. ပေါ်လာတဲ့ဘောက်မှာ Accept ကိုနှိပ်ရပါမယ်..
3. ဒါဆိုရင် နောက်ထပ်ဘောက်တစ်ခု ထပ်ပေါ်လာပါမယ်.. အဲဒီဘောက်ထဲမှာ အောက်ကပုံမှာ ပြထားသလိုပဲ
Model Name မှာ Stylus Photo R230
Port Selection မှာ ကိုယ်တပ်ထားတဲ့ Port နံပါတ်.. ဒါက ပရင်တာ Driver တစ်မျိုးမက တင်ထားရင် ရွေးပေးရပါတယ်.. တစ်ခုတည်းဆိုရင်တော့ Auto Selection ကိုရွေးရင်ရပါတယ်..
Destination မှာ Asia ကိုရွေးပေးရပါမယ်.. ပြီးရင်တော့ OK ကိုနှိပ်ပေါ့..
4. ဒါဆိုရင် Adjustment ဘောက်ကိုထပ်ရောက်ပါမယ်.. အဲဒီမှာ Adjustment Tab ရဲ့အောက်က Maintenance ဆိုတဲ့ Tab အောက်မှာ Wast ink pad counter ဆိုတာကို အစက်လေးဖြစ်အောင်တစ်ချက်နှိပ်ပါ..
5. ပြီးရင် Appendix ဆိုတဲ့ Tab ကိုတစ်ချက်နှိပ်ပြီး Read ကိုတစ်ချက်နှိပ်ပါ.. သူ Read ပြီးသွားရင်တော့ Reset ကိုနှိပ်လိုက်ပါ..
6. ခဏလေးစောင့်လိုက်ရင်တော့ Please Turn off your Printer ဆိုတဲ့ ဘောက်ကလေးပေါ်လာပါမယ်.. OK ကိုနှိပ်လိုက်ပါ..
ဒါဆိုရင် ပရင်တာကို ပါဝါပိတ်လိုက်ပြီး ၁၀ စက္ကန့်လောက်စောင့်လိုက်ပါ.. စောင့်ပြီးရင် Printer ကို ပါဝါဖွင့်ပြီး သုံးကြည့်လိုက်ပါတော့.. မီးနီတွေလည်းပျောက်.. ကာလာစာရွက်လှလှလေးတွေနဲ့ စမ်းကြည့်ပေါ့ဗျာ..
အဆင်ပြေပါစေ...
ခင်မင်လေးစားလျက်..
မောင်ပေါက်