Hardware Tutorial ( Part_1 )

ဒီ Post ကို အတော်များများ နှစ်သက်လိမ့်မယ် ထင်ပါတယ်။ Hardware ကိုမစခင် အသုံးပြုတဲ့ Air Gun အကြောင်း ကစကျရအောင်ပါ။ Model တွေကအမျိုးမျိုးရှိပေမယ့် ကျွန်တော်သုံးနေတဲ့ QUICK 2008 / QUICK 857D အကြောင်းပဲ ပြောကြည့်ပါ့ မယ်။



QUICK 2008
ကျွန်တော် အနှစ်သက်ဆုံး ပါ။ အကြောင်းကတော့ Blowing Fan က Gun Tip ထဲမှာပါတော့ ကိုင်ရတာပေါ့ပါးတယ်။ CH 1/2/3 ဆိုပြီး ပါတော့ အပူချိန်ကို လိုသလို သတ်မှတ်ပေးထားပြီး
CH 1/2/3 နဲ့ ရွေး သုံးလို့ ရပါတယ်။ IC ကိုဖြုတ်ဘို့ ရာ အပူချိန် က 250/350 'C ဖြစ်ပြီး လေပြင်းအားက 50 လောက်ဆို ရပါပြီ။ IC ဖြုတ်ဘို့ ရာ ထင်သလောက် မလွယ်ကူပါဘူး။
လက်ညိမ်ရမယ် -- Gun Tip ကိုကောင်းကောင်းကျင်လည်စွာ ထိန်းနိုင်ဘို့  -- IC ရှိ ခဲရဲ့ အရည်ပျော်မှတ် ကို ကောင်းကောင်း သိနေဘို့ နဲ့ အခြား အချက်အလက် တွေ အများကြီး ရှိနေပါတယ်။

QUICK 857D
သူကတော့ Blowing Fan က အထိုင် ပုံးထဲ မှာထားရှိတဲ့အတွက် Gun Tip ဆီကို လေပြွန်နဲ့ သွားထားတော့ လှုပ်ရှားရတာ မလွယ်ကူပါဘူး။
IC ကိုဖြုတ်ဘို့ ရာ အပူချိန် က 250/350 'C ဖြစ်ပြီး လေပြင်းအားက အနိမ့် ဆုံး ထားပြီးအသုံးပြုပါတယ်။


ပြီးနောက်တစ်ခုက Mobile Circuit Board တွေကို သာမန် ကြိုး ဖြုတ် / တတ် လုပ်တဲ့အခါ QUICK 936A လို Gun မျိုး ပဲသုံးသင့်ပါတယ်။
သာမန် Gun တွေက Temp ကို လိုသလို မထိန်း ချုပ်ပေးနိုင်တာကြောင့် လုံးဝ အသုံးမပြု ဘို့ ရာ တားမြစ်ချင်ပါတယ်။

Credit Zayar Aung