ယူနီကုဒ် အား ခဏတာ ကုတ်ကြည့်ခြင်း

အခုဆို google.com.mm သူများတွေကလိနေကြတော့ ကိုယ်လဲ
ကလိချင်ဦးမှာပဲလေ ခက်တာက ယူနီကုဒ်ဖြစ်နေတာပဲ ဒီအတွက်ဖြေရှင်းနည်းလေးပါ
အခုအများဆုံးသုံးနေကြကလဲ ဇော်ဂျီတွေပဲ ယူနီကုဒ်ကြီးလဲ မသွင်းချင်သေးဘူးဆိုတော့
အကောင်းဆုံးနည်းလမ်းမဟုတ်ပေမဲ့လည်း အလွယ်နည်းလေးတွေ့ထားတာလို့
ပြောပြပေးလိုက်ပါတယ်ခင်ဗျာ :)

တစ်ခုက Firefox Addon လေးသွင်းရမှာပါ ၊ ဒါကတော့ ကိုစေတန်ထုတ်တာတဲ့
"တန်ခူး" ဆိုတဲ့ Addon လေးပါ ၊ Firefox > Addon > "tagu" ဆိုပြီးရှာလိုက်ပါ
သွင်းပြီးရင် unicode မြင်ရပါပြီ အဲ မြင်ရတာတော့ဟုတ်ပါပြီ ကီးဘုတ်မရှိပြန်ဘူး
ဒီအတွက် Google ရဲ့ search ဘားတန်း ညာဖက်ဆုံးမှာ ကီးဘုတ်သင်္ကေတလေးရှိပါတယ်
ဒါလေးနှိပ်လိုက်ရင် onScreen Keyboard လေးကျလာပြီပြီ ကဲ ဒါဆိုရင်တော့ကလိနိုင်ပါပီ

နောက်တစ်နည်းက ခုနက တန်ခူးနဲ့အဆင်မပြေသေးသူတွေအတွက် ...
http://dl.dropbox.com/u/283860/host/bookmarklet/index.html

ဒီကိုသွားလိုက်ရင် အများကြီးကိုတွေ့ရမှာပါ မလုပ်တတ်မှာလဲပူစရာမလိုပါ
အောက်မှာ video file ပါတင်ပေးထားပါတယ် အဲဒီလင့်လေးတွေကို ဖိပြီး ဆွဲတင်လိုက်ပြီး
bookmark အဖြစ်လုပ်ထားတာပါ ၊ ဒါဆို unicode ပေါ်ချင်ရင် Zawgyi to unicode ဖြစ်၂
ဒါမှမရရင် Unicode Force , Unicode MM3 တစ်ခုခုစမ်းကြည့်ပါ တစ်မျိုးမဟုတ်တစ်မျိုး
ရသွားပါလိမ့်မယ် :)

google.com.mm ကတော့ ယူနီကုဒ်ကီးဘုတ်ပါတဲ့အတွက် ဒါကတော့ဟုတ်သွားပါပီ
တခြားမှာ ၇ိုက်ဖို့ကျတော့ရော ? ဒီအတွက်လဲ အလွယ်နည်းလေးတွေရှိပါသေးတယ်
တခုကတော့ Java နဲ့ရေးထားတဲ့ converter လေးပါ JRE or JDK တခုခုတော့ရှိရပါမယ်

https://www.dropbox.com/s/y6olb8egj10hw7o/JConv.jar

.jar file လေးကို run ပြီးရင် zawgyi နဲ့ရိုက် ပြီးရင် convert လုပ်လို့ရပါပြီ
ဒါလည်းမကြိုက်သေးဘူးဆိုရင်တော့ အောက်က ဆိုဒ်လေးကိုသွားလိုက်ပါ

http://mrdba.info/unicode-converter/

ဇော်ဂျီနဲ့ရိုက်ပြီး unicode ထုတ်နိုင်ပါတယ် ပြီးရင် copy လေးလုပ်လိုက်ရင် OK ပြီပေါ့ဗျာ

ဒါတွေအားလုံးကိုမှ မကြိုက်သေးရင်တော့ မိတ်ဆွေ ယူနီကုဒ်ကြီးသာသွင်းလိုက်ပါတော့ခင်ဗျာ
:D



--------------------
Kglay KoPhyo
( Admin of MMITgroup )