<<<<< http://www.google.com.mm/ >>>>>>


ဂူဂဲလ် အရာရှိကြီး Mr. Eric Schmidt တစ်ယောက် မြန်မာပြည် လာလည်အပြီးမှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလည်းမူတွေထဲက ရလဒ်တစ်ခုအနေနဲ့ ကမ္ဘာကျော် ဂူဂဲလ် မှာ မြန်မာလို ဖတ်ရှု အသုံးပြုနိုင်ပါပြီခင်ဗျာ။ search box အောက်နားမှာ Google.com.mm offered in: မွနျမာဘာသာ လို့ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါ myanmarunicode font မရှိသေးလို့ပါ။ အကယ်၍ myanmar3 font ကိုသွင်းထားပြီး မိမိရဲ့ အင်တာနက် Browser မှာလည်း myanmar3 font ကိုပြောင်းထားမယ်ဆိုရင်တော့ Google.com.mm offered in: မြန်မာဘာသာ လို့ တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လို ဇော်ဂျီဖောင့်ကိုသာ အားထားအသုံးပြုနေသူတွေ အတွက်ကတော့ အခက်အခဲတစ်ခုပါပဲ။ သို့ပေမယ် myanmar3 font နဲ့လည်း ရင်းနီးထားဖို့ လိုအပ်ပါတယ်။ အနာဂတ်မှာ Windows Unicode ကသာ myanmr3 font ကိုသုံးမယ်ဆို အဆင်သင့် ဖြစ်နေတာပေါ့။ စမ်းသပ်လေ့လာချင်သူများ အတွက် myanmar3 font ဒေါင်းရန် http://www.myanmarlanguage.org/article/download-unicode-fonts-and-keyboards SHOGUN :)) Admin of MyanmarITGroup